← Meditating & Taking Vows

ဂုဏ်တော်ကိုးပါး (၉)လ အဓိဋ္ဌာန်

A devotee·10/21/2026·0

ဂုဏ်တော်တစ်ပါးကို တစ်လစီ စိတ်သွားရမှာဖြစ်ပါတယ်။

ပထမလမှာ နေ့စဉ်အရဟံ (၉) ပါတ် တစ်လလုံး စိပ်သွားရမှာပါ။

ဒုတိယလမှာ နေ့စဉ် သမ္မာသမ္ဗုဒ္ဓေါ (၉)ပါတ် တစ်လလုံးစိပ်သွားရမှာပါ။

အဲဒီလို ဂုဏ်တော်ကိုးပါးပြည့်တဲ့အထိ တစ်လတစ်ပါးနှုန်းစိပ်သွားရပါမယ်။

သို့သော် (၉) ရက်တစ်ခါ မြတ်စွာဘုရားကို ဓာတ်ကြီးလေးပါးထဲက တစ်ပါးစီကပ်လှူဖို့လိုပါတယ်။

မီး (ဆီမီးကိုးတိုင် (သို့မဟုတ်)ဆီမီးကိုးပွင့်)

ရေ (သောက်တော်ရေ ကိုးခွက်)

လေ (ယပ် ကိုးချောင်း)

မြေ (သစ်သီး ကိုးမျိုး (သို့မဟုတ်) ဆွမ်း ကိုးပွဲ) ကို (၉) ရက်တစ်ခါ တစ်မျိုးစီကပ်သွားရပါမယ်။

ဥပမာ ပထမဆုံးကိုးရက်မှာ မီး (ဆီမီး)ကပ်ရင် နောက် ကိုးရက်ကြာရင် ရေ(သောက်တော်ရေ)ကပ်ပါ အဲဒီလိုပဲ နောက်ကိုးရက်ကြာရင် လေ(ယပ်တောင်)ကပ်ပြီး နောက်ကိုးရက်ကြာရင် မြေ(ဆွမ်း ၊ သစ်သီး) ဒီလို ကိုးရက်ခြားတစ်ခါ အလှည့်ကျကပ်လှူသွားရမှာဖြစ်ပါတယ်။ ကပ်လှူတိုင်း သတ္တဝါတွေကို သေသေချာချာမေတ္တာပို့အမျှဝေပေးပါ။

အဓိဋ္ဌာန်စဝင်မယ့်ရက်ကိုတော့ မိမိ အဆင်ပြေတဲ့ရက်ကိုသတ်မှတ်ပြီး ကိုးလအဓိဋ္ဌာန်ကို စတင်ရမှာဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

ဆရာတော်သံဃာတော်များဟောကြားသလိုပဲ #အဓိဋ္ဌာန်တွေဝင်တယ်၊ ဂါထာတွေပါးစပ်အမြှုပ်ထွက်အောင်ရွတ်တယ်၊ ဘာရသလဲလို့မေးကြတဲ့လူတွေရှိတယ်၊ စိတ်ကိုလည်းမွန်မြတ်အောင်ထားမယ်၊ အဲဒီလိုအဓိဋ္ဌာန်ဝင်၊ ပုတီးစိပ်တာမျိုးလည်းလုပ်မယ်၊ ဂါထာတွေလည်းလုပ်မယ်ဆိုရင် မမြင်ရတဲ့လောကီကောင်းကျိုးချမ်းသာတွေလည်းရနိုင်သလို လက််တွေ့မှာလည်း အဲဒီလိုအဓိဋ္ဌာန်ဝင်နေတဲ့အတွက် မကောင်းတဲ့အတွေး၊ မကောင်းတဲ့စကား၊ မကောင်းတဲ့အပြုအမူတွေမလုပ်ဖြစ် မပြောဖြစ် မတွေးဖြစ်တော့ဘဲ အကုသိုလ်ကိုနည်းနိုင်သမျှနည်းအောင်လုပ်နေတဲ့အတွက် ကောင်းကျိုးချမ်းသာကုသိုလ်တွေကတော့ တပုံတပင်ရမှာအမှန်ပါပဲ။

သတ္တဝါအပေါင်း ဆင်းရဲခပ်သိမ်း၊ ဒေါသခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်းကင်းငြိမ်းကြပါစေ။