← Daily Meritorious Deeds

ဝိပဿနာချမ်းသာ

A devotee·10/21/2026·0

ဝိပဿနာချမ်းသာ

-------------------

🌷

ဝိပဿနာအားထုတ်တဲ့အလုပ်ဟာ နိဗ္ဗာန်လိုချင်သူတွေသာ လုပ်ရမယ့် အလုပ်မဟုတ်ပါဘူး၊ စိတ်ချမ်းသာလိုသူတိုင်း လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ ဝိပဿနာ အားထုတ် တဲ့အလုပ်ဟာ အဆင့်မြင့်တဲ့စိတ် ချမ်းသာမှုကို ပေးစွမ်းနိုင်လို့ပါပဲ၊ ဝိပဿနာချမ်းသာဟာ လောကီချမ်းသာတွေထဲမှာ အဆင့်မြင့်ဆုံး ချမ်းသာဖြစ်ပါတယ်။

🌷

လောကမှာ ချမ်းသာ (၇) မျိုးရှိပါတယ်။ လူ့ကာမဂုဏ်ချမ်းသာ၊ နတ်ကာမဂုဏ်ချမ်းသာ၊ ဈာန်ချမ်းသာ၊ ဝိပဿနာချမ်းသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ပါပဲ။အဲဒီချမ်းသာ (၇)မျိုးထဲမှာ ရှေ့ချမ်းသာ (၄)မျိုးက လောကီချမ်းသာဖြစ်ပြီး နောက်ချမ်းသာ (၃)မျိုးကတော့ လောကုတ္တရာချမ်းသာဖြစ်ပါတယ်။

🌷

လူ့ကာမဂုဏ်ချမ်းသာထက် နတ်ကာမဂုဏ် ချမ်းသာ၊ နတ်ကာမဂုဏ်ချမ်း သာထက် ဈာန်ချမ်းသာ စသည်အားဖြင့် ရှေ့ချမ်းသာ ထက် နောက် ချမ်းသာက ပိုပြီးအဆင့်မြင့်ပါတယ်။သံသရာမှာ ပျော်လွန်းလို့ လောကုတ္တရာချမ်းသာကို မလိုချင်သေးဘူး ဆိုရင် လောကီ ချမ်းသာတွေထဲမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ဝိပဿနာ ချမ်းသာ ကိုတော့ အသိဉာဏ်ကြီးမား သူတိုင်း မရရအောင် ယူသင့်ပါတယ်။………။

အရှင်ဆန္ဒာဓိက (တစ်ယောက်တည်းနေတစ်စိတ်တည်းထားစာအုပ်မှ)