← Daily Meritorious Deeds

ဗုဒ္ဓမြတ်စွာဘုရားရှင်အား မျက်နှာသစ်တော်ရေကပ်နည်း

A devotee·10/10/2026·0

ဗုဒ္ဓမြတ်စွာဘုရားရှင်အား မျက်နှာသစ်တော်ရေကပ်နည်း

🫧

ငွေဖလားနှင့်ဖြစ်စေ …ကြေးဖလား နှင့်ဖြစ်စေ အေးမြကြည်လင် သန့်ရှင်း စင်ကြယ်သော ရေ ကိုထည့်ပြီး နံနက်စောစော အရုဏ်ထချိန်တွင်နေထွက်ရာ အရှေ့အရပ် သို့ မျက်နှာမူ၍ ထိုရေဖလား ကို ဦးခေါင်းထက်တိုင် ပင့်မြှောက်ပြီး ဗုဒ္ဓအားဆက်ကပ်လှုဒါန်းပါ ။

” ဗုဒ္ဓံ သက်တော်ထင်ရှား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အား ဤ အေးမြ ကြည်လင် သန်ု့ရှင်းစင်ကြယ်တော်မူသော ..မျက်နာသစ်တော်ရေ .. အာလုပ်ကျင်းတော်ရေ ကိုဆက်ကပ်ပါ၏ ... လှုဒါန်းပါ၏ အရှင်ဘုရား “ဟု နှုတ်မှ စိတ်မှ လေးနက်ကိုင်းရှိုင်း ညွတ်တွားစွာဖြင့် ဆက်ကပ် လှုဒါန်းပါ ။

ပြီးသောအခါ .. ထိုရေတော်ဖလားကို မလျက်ပင်-

” သီရိတေဇံ ဝိသော ဘန္တု ” ဟု သက်စေ့ထက် တစ်ခေါက် ပိုရွတ်ပေးပါ။ပြီးလျှင် မိမိအာရုံ ထဲ ပေါ်လာသမျှ မေတ္တာပွား၍အမျှပေးဝေပါ ။ ပြီးမှ ထိုရေဖြင့်မျက်နှာသစ်ပါ ။အနည်းငယ်သောက်ပါ ။

အကျိူးမှာ … တစ်နေ့တာဘေးရန်အန္တရာယ်နှင့် အနှောင့်အယှက် အမျိူးမျိူး မှ ကင်းဝေးပြီး ကောင်းကျိူးချမ်းသာ သုခမင်္ဂလာအဖြာဖြာ ဖြစ်စေတက်ပါသည် ။

- ရွှေပေါ်ကျွန်းဆရာတော်

🙏