ဆန်ဆီဆေးဆား အကျိုးများ

စားဝတ်နေရေးဆိုတဲ့ လူ့ဘဝရဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေကို ဖူလုံပြည့်ဝလာစေဖို့ လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ထံ ဆန်ဆီဆေးဆား ကပ်လှူပြီး ကုသိုလ်ပြုနိုင်ပါတယ်။
လှူဖွယ်ရာအတွက် အထူးတလည် ရှာဖွေစရာလည်းမလိုဘဲ လစဥ် လပြည့်လကွယ်နှစ်ရက်သာ လှူဒါန်းပြီး ကံအထောက်အပံ့ ရရှိစေပါတယ်။
- လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။
- လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။
- လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃာတော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည်လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

လှူဒါန်းရခြင်းအကျိုးများမှာတော့

-ရင်ဆိုင်ကြုံတွေ့နေရတဲ့အကျပ်အတည်းတွေပြေလည်စေခြင်း
-လုပ်ငန်းစီးပွားတိုးတက်စေခြင်း
-ကျန်းမာရေးချို့ယွင်းသူများ ပြန်လည်ကျန်းမာလာစေခြင်း
-ရုန်းကန်နေရချိန်များတွင် အရံသင့်ပေးမည့်ကျွေးမည့် လက်တစ်စုံအမှီရစေခြင်း
-မိမိအိမ်တွင် လိုအပ်ချက်မှန်သမျှ ပြည့်စုံလာစေခြင်း
-စိတ်၀မ်းကွဲသော မိတ်ဆွေ ညီအကို မောင်နှမများ ပြန်လည်သင့်မြတ်လာစေခြင်း စတဲ့ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါတယ်။














