← Daily Meritorious Deeds

ကံမြှင့်နည်းများ

A devotee·9/27/2026·0

ကံမြှင့်နည်းများ.. ✍❣

--------------------

1- မိဘအဝတ်အစားလျှော်ပါ။

2- မိဘကို ပြုစုပါ။

3- မိဘကိုနေ့စဉ် ကန်တော့ပါ။

4- မိမိအိမ်ကို သန့်ရှင်းပါ။

5- မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ။

6- ဘုရားကျောင်းဆောင် သန့်ရှင်းပါ။

7- ဘုရားရောင်တော် ဖွင့်ပါ။

8- ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။

9- ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ။

10- လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများမရှိအောင်လှည်းကျင်းပါ။

11- စေတီပရဝဏ် တံမြက်လှည်းကုသိုလ်ယူပါ။

12- ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။

13- အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ။

14- မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ။

15- ရေကန်ဆယ်ပါ။

16- ရေတွင်း ရေကန် ရေ အလှူပြုပါ။

17- လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကို ဒါနပြုပါ။

18- ပံ့သကူ ပစ်ပါ။

19- ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ။

20- သစ်ပင်စိုက်ပါ။

21- အရိပ်လှူပါ။

22- ညောင်ထောက်ပါ။

23- လေလွင့်တိရိစ္ဆာန်များကို ဒါနပြုပါ။

24- အရူးကျွေးပါ။

25- တံတားထိုးပါ၊ လှူပါ။

26- ခေါင်းဆေးမင်္ဂလာပြုပါ။

27- ရဟန်းဒကာ ခံယူပါ။

28- ရေနစ်တိရိစ္ဆာန်လေးများအား ဆယ်ပါ။

29- ကံငါးပါး လုံပါ။

30- စိတ်ကောင်းမွေးပါ။

31- ဝစီဒုစရိုက် ရှောင်ပါ။

32- သူတစ်ပါးကျေးဇူးကို သိတတ်ပါ။

33- သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ။

အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။

သဒ္ဓါ ပီတိလေးပွားပြီး ပုဗ္ဗ မုဉ်သ အပရ စေတနာ (၃) တန်ရအောင် လုပ်ပါ။

မုချ ကံမြင့်လာမှာပါ။