← Daily Meritorious Deeds

ရေတော်ငါးပါးကပ်လှူခြင်း

A devotee·9/27/2026·0
🌥️

မနက်ခင်းတစ်ခုကို အေးချမ်းမှုနဲ့ စတင်ခြင်း (ရေတော်ငါးပါး ကပ်လှူခြင်း)

မနက်ခင်း နိုးနိုးချင်းမှာ ဘုရားရှင်အား ကြည်လင်အေးမြတဲ့ ရေအေးလေး ကပ်လှူရတာဟာ စိတ်နှလုံးကို များစွာ ကြည်နူးစေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ်မပြတ် ပြုလုပ်လေ့ရှိတဲ့ "ရေတော်ငါးပါး" ဆိုတာ -

၁ ။ မျက်နှာသစ်တော်ရေ

၂ ။ သောက်တော်ရေ

၃ ။ ချိုး​တော်​ရေ

၄။ ခြေဆေးတော်ရေ

၅ ။ လက်ဆေးတော်ရေ ကပ်လှူခြင်းဖြစ်ပါတယ် ။

" ရေတော်ငါးပါး ကပ်လှူရတဲ့ ကုသိုလ်ကြောင့် ပူလောင်မှုမှန်သမျှ ကင်းစင်ပြီး ကြည်လင်အေးမြတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ။