← Daily Meritorious Deeds

ဥပုသ်ရတယ် ဆိုတာ

A devotee·9/27/2026·0

ဥပုသ်ရတယ် ဆိုတာ

==============

“ဥပုသ်” ဆိုတဲ့ စကားလုံးက “စိတ်ကောင်း စိတ်မြတ်၊ ဓာတ်ကောင်း ဓာတ်မြတ်တွေနဲ့ ပြည့်စုံစွာ နေထိုင်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်

တစ်နည်းပြောရင်တော့ “စိတ်လျှော်ဖွပ်တဲ့အလုပ်” ကို “ဥပုသ်” လို့ ခေါ်ပါတယ် ။

ကိုယ့်စိတ်မှာ ညစ်ပတ်ပေကျံနေတဲ့ လောဘ၊ ဒေါသ၊ မာန၊ ဣဿာ စတဲ့ ကိလေသာ အညစ်အကြေးတွေကို ဖြူဖွေးသန့်စင်သွားအောင် ဆေးကြော လျှော်ဖွပ်နေတာကိုပဲ ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ

ညစာမစားရုံသက်သက်နဲ့ ဥပုသ်ရတယ်လို့ မခေါ်နိုင်သေးပါဘူး ။

စိတ်အဝတ်ကို သန့်စင်သွားအောင် လျှော်ဖွပ်နိုင်မှ ဥပုသ်ရတယ် လို့ ခေါ်ပါတယ် ။

#အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

“စိတ်လျှော်ဖွပ်တဲ့အလုပ်” တရားစာအုပ်မှ ကောက်နုတ်ထားပါသည်။