"ရွှေတိဂုံဘုရား က လောကပါလ ယက္ခမယ်တော်ကြီး"
"ရွှေတိဂုံဘုရား က လောကပါလ ယက္ခမယ်တော်ကြီး"
နိုင်ငံခြားထွက်ဖို့ ခက်ခဲနေသူတွေ...အိမ်ခြံမြေကိစ္စတွေ အတွက် အခက်တွေ့နေသူတွေ.... အမှုအခင်းကိစ္စတွေ အတွက် အခက်တွေ့နေရတဲ့ သူတွေ အားကိုးစရာ အဓိဌာန် ဆုတောင်းရမယ့် နေရာကတော့ ရွှေတိဂုံဘုရား က လောကပါလ ယက္ခမယ်တော်ကြီး ပဲဖြစ်ပါတယ်။
မြန်မာပြည် တနှံ့တပြားက ဒီလို ကိစ္စရပ်တွေအတွက် ခက်ခဲသူတွေ၊ အမြန်ပွင့်လန်းသူတွေ အလုပ်အကိုင်အကြံစည်တွေ ပြီးမြောက်လိုသူတွေ အတော်များများက လောကပါလ ယက္ခမယ်တော်ကြီးဆီမှာ ကန်တော့ပွဲ ကပ်လှူ အဓိဌာန်ပြုဆုတောင်းလေ့ရှိကြပါတယ်။
ဒီလိုကပ်လှူ ဆုတောင်းတဲ့ အခါမှာလည်း အကြံအစည်တွေ အောင်မြင် အဆင်ပြေချောမွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ရွှေတိဂုံ ဘုရား မြောက်ဘက်မုခ်မှ လောကပါလ ယက္ခမယ်တော်ကြီး သမိုင်း
လောကပါလ ယက္ခမယ်တော်ကြီး ကို သိဂုတ္တရမယ်တော် သို့မဟုတ် ရွှေတိဂုံယက္ခမယ်တော်ကြီးလို့လည်း ခေါ်ကြပါတယ်။
ယက္ခမယ်တော်ကြီး ရဲ့ နန်းနေရာကတော့ ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းကနေ ရင်ပြင်ရောက်ခါနီး ဘယ်ဘက်မှာ လှမ်းကြည့်လိုက်တာနဲ့ လောကပါလ ယက္ခမယ်တော်ကြီး နန်းကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
နောင်တစ်ချိန် ရွှေတိဂုံစေတီတော်မြတ် အဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အသုံးအဆောင်ဋ္ဌာပနာဆံတော်များအပါအဝင် တည်ထားကိုးကွယ်ရမည့် ကုန်းဟာတစ်ချိန်က သိဂုတ္တရ ကုန်းသာဖြစ်သည်။
၎င်းကုန်း၌ ကြိုတင်ပိုင်စာ:ရခဲ့သူမှာ ယက္ခမယ်တော် ပဲ ဖြစ်သည်။ ရွှေတိဂုံစေတီတော်မြတ်အား တည်ထားကိုးကွယ်သောအခါမှာ အရေးကြီးသော ဓာတ်တော်မွေတော်အပေါင်းအား ပေါင်းစည်းထားရာဖြစ်တဲ့အတွက် ၎င်းဓာတ်တော်မွေတော်၏ဘုန်းကံကြောင့် သူတော်စင်အပေါင်းတို့ စောင့်ထိမ်းရာအရပ်ဖြစ်လာ၍ ယက္ခမယ်တော် နေမရဖြစ်လာပါတယ်။
ဓမ္မစေတီမင်း ကြွလာသောအချိန်၌ နေရာဋ္ဌာနတောင်းရာ ရွှေတိဂုံဘုရား၌ ၇ရက်သားသမီး အကျိုးရစေရန် တခြားအစောင့်အရှောက်များနဲ့အတူ အပိုင်စားခွင့်ပေးထားခဲ့ပြီး မဟာဂီရိဓမ္မံစက္ကယက္ခမယ်တော်ဟု ဘွဲ့ပေးအပ်ခဲ့ပါတယ်။
ရွှေတိဂုံစေတီတော်ကို စောင့်ရှောက်ရန်လည်း အပ်နှံခဲ့ပါတယ်။ လောကပါလယက္ခမယ်တော်ကြီးမှာ အတွင်းပုံရိပ်နှင့် အပြင်ပုံရိပ်ဟူ၍ ရုပ်အသွင်၂မျိုးရှိပါတယ်။ အတွင်းပုံရိပ်က အလွန်လှပတဲ့ မင်းသမီးတစ်ပါး ဖြစ်ပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရားမပွင့်မချင်း ၉ပါးသီလဖြင့် သတ်သက်လွတ်စားနေသော ယက္ခမယ်တော်ကြီးတစ်ပါးဖြစ်ပါတယ်။
အတွင်းပုံရိပ်ကို ဘဝဆက်ပဌာန်းဆက်များ သွေးသားတော်စပ်သော မိသားစုဝင်များကိုသာပြသပြီး သာသနာပြုရန် လမ်းညွန်မှာကြားကူညီတတ်ပါသည်။
အပြင်ပုံရိပ်က ရုပ်ကြမ်းပြီးအကြောက်တရားဖြစ်အောင် လွှမ်းမိုးထားပါသည်။ ယခုမြင်တွေ့ရတဲ့ ရုပ်ထုဟာ လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော်က ဟံသာဝတီဘုရင်မကြီးရှင်စောပုက ရွှေတိဂုံဘုရားရှိ ဓာတ်တော်မွှေတော်ဌာပနာတော်များကို စောင့်ရှောက်တော်မူရန် ယက္ခမယ်တော်ကြီးအား တာဝန်ပေးပြီး ဘီလူးရုပ်ထု ထုဆစ်အသက်သွင်းခဲ့ပါသည်။
ထိုစဉ်က မွန်ဘုရင်မကြီးရှင်စောပုဟာ မိမိအိပ်မက်ထဲမှာတွေ့ရသော ဘဝဟောင်းကမိခင်ကို
ယက္ခမင်းသမီးပုံစံအတိုင်း ထုဆစ်ရန်ဆန္ဒရှိခဲ့ပေမယ့် လောကပါလယက္ခမယ်တော်ကြီးက လက်မခံဘူးဆိုပါတယ်။
အတွင်းပုံရိပ်နဲ့ ဘုရားဌာပနာများကိုစောင့်ရှောက်ရန်မဖြစ်နိုင်ကြောင်း ကြမ်းကြမ်းတမ်းတမ်း အပြင်ပုံရိပ်ကို ထုဆစ်မှသာ လူတွေကိုအကြောက်တရားလွှမ်းမိုးနိုင်မှာဖြစ်ကြောင်း အစောင့်အရှောက်သည် ရုပ်ပိုင်းဆိုင်ရာကြမ်းတမ်းပြီး စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွှေ့ရမည်ဖြစ်သည်။
ဒါကြောင့် မယ်တော်ကြီးပုံကို ကြမ်းတမ်းသည့် အပြင်ရုပ်ကိုသာ ထုဆစ်ပါဟု မယ်တော်ကြီးမိန့်ကြားချက်အတိုင်း ရွှေတိဂုံဘုရားရှိ လောကပါလ ယက္ခမယ်တော်ကြီးပုံကို ဘုရင်မကြီးရှင်စောပုမှ ယခုမြင်ရတဲ့အတိုင်း ထုဆစ်အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း သမိုင်းစာပေများအရ သိရှိရပါသည်။














