← Daily Meritorious Deeds

ကန်‌တော့ပွဲအကြောင်း

A devotee·9/27/2026·0

ကန်တော့ပွဲ

ကန်တော့ပွဲ အကြောင်း ကို ဖတ်ဖူး ကြားဖူးသမျှ ထဲက မှ အရှင်းဆုံးနားလည်အောင် ရေးပေးပါမယ် ။

ဘုရားပွဲ

ဘုရား ရှင်အား ကန်တော့ပွဲ နဲ့ ကပ်လှူ လို့ ရသလား ဆိုရင် ရတယ် လို့ ဖြေရမှာပဲ ဖြစ်ပါတယ် ဘုရား ရှင်က မြက်ပင်တောင် အလှူခံ တော်မူသေးတာမို့ပါ ။ အဂါရဝ မဖြစ်စေရအောင်အတွက် အသင့်ဖြစ်နေတဲ့ မှည့်နေသော ငှတ်ပျောသီးနဲ့ ကပ်လှူပါ ပွဲထဲမှာ ထည့်ပြီး လှူခဲ့သော အရာများကို ပြန်ပြီး ပြုပြင်ပြီး ကပ်လှူနိုင်ပါတယ် ဥပမာ အုန်းရေ အုန်းသီး ဆံ ငှက်ပျောသီး တို့ကို ပန်းကန် ထဲ ပြန်ထည့်ပြီး ကပ်လှူပါ မွန်းလွဲ ရင်တော့ ပြန်စွန့်ရပါမယ် ။

သာသနာ ပွဲ

သာသနာ ငါးထောင်ကိုရည်စူးပြီး သာသနာ စောင့်သော တရားတော် သံဃာတော် တို့နဲ့ သူတော်ကောင်း နတ်ဒေဝါ အားလုံး ကို ရိုသေသောအားဖြင့် ပေးလှူသော ပွဲ ဖြစ်ပါတယ်။

အရိုအသေ ပြုတာ ဖြစ်တဲ့အတွက် အစိမ်းဆိုရင်လဲ သင့်တော်ပါတယ် ရက်ရှည်ထားလဲ အဆင်ပြေပါတယ် ပွဲ ထဲ မှာ ထည့်သော ပန်းများ ညှိုးနွမ်းပါက လဲလှယ်နိုင်ပါတယ် ။

ဝိဇ္ဇာ ပွဲ

ဝိဇ္ဇာပွဲ ဆိုပါက ကွမ်းယာ ယာတဲ့နေရာမှာ ထုံးသုတ်တာကို မှားလို့ မရပါဘူး ။ မိမိတို့ ပုံမှန် ယာနေကြနဲ့မတူ အချောဘက်ကို ထုံးသုတ်ရမှာပါ မိမိပင့်သော ဝိဇ္ဇာ ကို ရည်စူးပြီး အာရုံ ပြုပြီး ထုံးကိုညာလက်နဲ့ ၅ကြောင်း တပြိုင်ထဲ သုတ်ရမှာပါ ဝိဇ္ဇာ တို့ ကြိုက်နှစ်သက် သော စားဖွယ်များ နဲ့အတူ ပိတ်ဖြူ ခင်းပြီး ပွဲ တင်ရမယ် ပွဲ ထားမည့်နေရာကို အစကတည်းက သေချာ သက်မှတ်ပါ မရွေ့ရမပြောင်းရပါဘူး ပွဲ ထဲ က ပန်းများညှိုးနွမ်းပါကလဲလှယ်နိုင်ပါတယ် ရက်ရှည်ထားလဲအဆင်ပြေပါတယ် ။

သိုက်ပွဲ

သိုက်ပွဲ လှူမည့်သူများ အနေဖြင့် မိမိတို့ ရိုးရာ နတ်မင်း များကိုလဲ တပြိုင်နက် ပေးလှူရမယ် သိုက်ပွဲ သီးသန့် ပေးပါက ရိုးရာနတ်မင်းရဲ့ နှောင့်ယှက်တာကို ခံရဖို့ ရာနှုန်းများပါတယ် ။ ရိုးရာနတ်မင်း ဆိုတာ က မိမိတို့ မိဆိုင်ဖဆိုင် ဘိုးဆိုင်ဘွားဆိုင် ထဲကမှ မိမိနဲ့ အပက်သက်ဆုံး နတ်မင်းကိုပြောတာဖြစ်ပါတယ် ။ ရွေးချယ် ရခက်နေပါက ခြုံပြီး လှူလို့ လဲ ရပါတယ် ။ သိုက်ပွဲ နဲ့ ရိုးရာ ပွဲ ကို နီးနီးကပ်ကပ်မထားရပါဘူး ။ ခုံတပြေးတည်းလဲ မထားရပါဘူး ။ သိုက်ပွဲ မှာ မပါမဖြစ် က ပန်းဖြစ်ပါတယ် ပန်းများတက်နိုင်ပါက များလေကောင်းလေပါ ။ လင်ယောကျ်ားကြောင့် ပူပန်သောက များသူများ အနေဖြင့် လင်ပန်းနဲ့ လှူပါ ။

အကြွေးနွံ နစ်နေသူများနဲ့ လုပ်သမျှ အမြင့်ရောက်ခါနီးတိုင်း ပြုတ်ကျနေရသူများက ကော်ဇလုံနဲ့လှူပါ ။ အစကတည်းက အခြေခိုင်ပြီးသား ကိုမှ ထပ်ပြီး တိုးတက် ဖို့ဆိုပါက ဇတီးဇလုံနဲ့ ကပ်လှူပါ ။

ငှက်ပျော ရွေးချယ် ရာမှာ လဲ ရခိုင်ငှတ်ပျော ရွှေငှက်ပျော သီးမွှေး ဖီးကြမ်း အစရှိသဖြင့် အများကြီး ရှိပါတယ် ။

ပွဲ တို့ကို အခုမှ စမယ့်သူများက ဖီးကြမ်းနဲ့စရပါမယ် ဖီးကြမ်းက အတိုက်အခိုက် အနှောင့်အယှက် အန္တရယ် များကို ရှင်းပေးနိုင်လို့ပါ ။

အန္တရယ် က ကင်းပြီးသား ဆိုပါက. မိမိစည်းစိမ်ဥစ္စာများ တည်တံ့ခိုင်မြဲ ပြီး တိုးတက် ကြီး ပွားစေရန်အတွက် ရခိုင် ငှက်ပျော ရွှေငှက်ပျောတို့ကို အသုံးပြု နိုင်ပါတယ် ။

ပွဲ အပ် တဲ့ နေရာ မှာ မိမိတို့ လှူသော ပွဲ မှာ မူတည်ပြီး သေချာ လေးအပ်ဖို့ လိုအပ်ပါတယ် ။ ဘုရား ပွဲ သာသနာ ပွဲ နဲ့ ဝိဇ္ဇာပွဲ တို့က အနည်းငယ် လိုအပ်တာရှိရင် တောင် မှ ခွင့်လွတ် ကြပါတယ် ။ နတ်ပွဲ နဲ့ သိုက်ပွဲ တွေမှာ လိုအပ်တာ ရှိခဲ့သည် ရှိသော် မသိနားမလည်၍ ကျန်ခဲ့တယ် ဆိုတာ ကို သေချာ လေး ပြောပြပေးရပါမယ် ဒါဆို ရင် မိမိအတွက် အဆင်ပြေပါလိမ့်မယ် ။

credit to original