အိမ်မက်နိမိတ်ကောက်ခြင်း
အိမ်မက်ထဲမှာ စပါးနှံတွေ့တာ၊ ဆင်ပေါက် သို့မဟုတ် ဆင်စွယ်ဆွဲရတာ၊ စစ်သည်တွေမြင်တာနဲ့ ဆံပင်ရှည်နေတာတွေကို မက်ဖူးပါသလား?
ဒါတွေဟာ ကောင်းစားခြင်း၊ ထင်ရှားကျော်စောခြင်းနဲ့ တွေကို ဆိုလိုပါတယ် ။
အိမ်မက်ထဲမှာ ရေကူးတာ၊ ရေချိုးတာတွေက စိတ်ကြည်လင်မှုရစေသလို ထင်ရပေမဲ့၊ စိတ်ဓာတ်ဖိစီးမှုနဲ့ ပြဿနာအချို့ကို သတိပြုဖို့ အချက်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။
“အိမ်မက်ထဲမှာ မြွေတစ်ကောင်က တွင်းထဲကို ပြန်ဝင်သွားတာ မက်တယ်ဆိုရင် အိပ်မက်အယူအဆအရ မြွေက တွင်းထဲပြန်ဝင်သွားတာဟာ မမြင်ရသေးတဲ့ကိစ္စတစ်ခု ခဏတာနောက်ဆုတ်သွားခြင်း ၊ လျှို့ဝှက်နေတဲ့အကြောင်းအရာတစ်ခု ပေါ်လာနိုင်ခြင်း ကို သတိပေးတဲ့နိမိတ်လို့ ယူဆကြပါတယ်။ လတ်တလောမှာ လူမှုရေး၊ ငွေကြေးနဲ့ အရေးကြီးဆုံးဖြတ်ချက်တွေကို အလျင်စလိုမလုပ်ဘဲ သတိထားဆောင်ရွက်ပါ ။
အိမ်မက်ထဲမှာ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် ကွယ်လွန်သူတွေ ပေါ်လာဖူးကြလား?
အဝတ်စားနွမ်းနွမ်းနဲ့ ပိန်လှီစွာ ပေါ်လာတာမျိုး၊ သင့်ကို စိုးရိမ်ပူပန်တဲ့ အမူအယာပြနေတာမျိုးဆိုရင် ဒါဟာ ကုသိုလ်ကောင်းမှုနဲ့ အမျှတမ်းလိုချင်တာအပြင် မိမိရဲ့ ကျန်းမာရေးနဲ့ သွားလာလှုပ်ရှားမှုတွေကို သတိထားဖို့ အချက်ပြနေတာလည်း ဖြစ်ပါတယ်။
ငှက်အသေ ကိုမြင်မက်သော် စီးပွားရေးနှင့်ငွေကြေးအခက်အခဲတွေ ဆုံးရူံးရတတ်နိင်သည် ဒါကြောင့်ရက်ပိုင်းအတွင်း ငွေကြေးနဲ့စီးပွားရေးတွေကိုသတိထားပါ ။














