အဘအောင်မင်းခေါင် ရေချိုးခြင်း
အဘ အောင်မင်းခေါင် ရေချိုးခြင်း (သို့)
မကောင်းေသာ ဘေးဆိုးတို့မှ ကင်းရှင်းစေရန်ဆောင်ရွက်ခြင်း
အဘအောင်မင်းခေါင်ကြီးသည် ၁၃၀၀ ပြည့်နှစ် ပုပ္ပါးရောက်သည့်အချိန်မှစ၍ ၁၃၁၀ ခုနှစ်မှာ တကြိမ်တစ်ခါမှရေချိုးခြင်းအလျှင်းမ တွေ့ဘူးပေ၊ သို့သော်လည်း ခန္ဓာကိုယ် မှ မည်သည့်အနံ့ဆိုးမှလည်း မထွက်ရှိပေ။
၁၃၁၀ ခုနှစ် သကြ်န် မကျော်ခင်အတွင်းနေ့တစ်နေ့တွင် အဘသည် ေတာင်ကလာပ် ၏ ရွှေဂူချောင်ဘက်သို့ ဆင်းသွားလေသည်၊ တပည့်များကလည်း အဘနောက်သို့လိုက်သွားကြရသည်၊ ရွှေဂူချောင်၏ အောက်ဘက်တွင်ရှိသည့် " #အိုင်ဖြူရိုး" ဟူသော ရေထွက်ကြီးသို့ဆင်းသွားလေသည်၊ ၄င်းရေထွက်သို့ရောက်သောအခါ ရေတံခွန်၏အောက်သို့ဝင်၍ ရေဝင်ချိုးလေတော့သည်။ နောက်ပါတပည့်များက အဘအောင်မင်းခေါင်ကြီးရေချိုးသည်ကို မြင်ရသည့်အခါ အထူးအဆန်းဖြစ်ပြီး တအံ့တသြ ငေးမေားကြည့်နေကြသည်၊
ရေချိုးပြီးသည့်နောက် တောင်ပေါ်သို့ပြန်တက်ခဲ့ကြလေသည်၊ တောင်အလယ်ဗောဓိပင်ကြီးသို့ရောက်သောအခါ ကောဇောခင်းသည့်နားတွင် နားနေလေသည်။ ထိုအချိန်တွင် ပထမံဆရာများအဖွဲ့မှ ရောက်ရှိနေသော ဦးရန်ကုန် သည်လည်း အဘအနားသို့ရောက်ရှိသည့်အချိန်၌ အဘသည်ဗောဓိအောင်မြေအားပေးလိုက်သည် ၊ ၄င်းအောင်မြေဓါတ်ကို အောင်မြေအဖြစ်ထည့်သွင်း၍ ရန်ကုန်မြို့ တနဂ်နွေတောင့် ကုန်းတစ်ခုတွင် ေအာင်ေမြအား မြေစိုက်ဌာပနာသွင်း၍ ဘုရားတည်စိုက်ရန်မိန့်တော်မူလိုက်သည့်အတွက်ကြောင့် ဦးရန်ကုန် နှင့် ပထမ ဆရာကြီးများသည် ရန်ကုန်သို့ချက်ချင်းပြန်သွားပြီး ၁၃၁၁ ခု တန်ခူးလပြည့်ကျော် ၅ ရက်၊ တနဂ်နွေနေ့ နံနက် ၇ နာရီတွင် ပထမံဆရာကြီးများသည် နေ့ချင်းပြီး ဓါတ်နင်းစေတီတည်ကြလေသည်၊ ၄င်းနောက် ဥာဏ်တော် ၁၂ တောင်ပြည့် အောင်မင်းခေါင် ဓာတ်နင်းေစတီေတာ်ကြီးအား အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ခဲ့လေသည်၊ အဘ၏ဓါတ်မိန့်ဖြင့် ဗောဓိပင် ေအာက်မှ နေ၍ ဗောဓိအောင်မြေကိုပေးလိုက်သည့်အတွင် ၄င်းကုန်းမြေအား " #အောင်သိဒ္ဓိကုန်း" ဟုခေါ်ဝေါ်သမုတ်ကြလေသည်။
( SSC ဆေးရုံမျက်စောင်းထိုး ခြောက်ထပ်ကြီးဘုရားပရဝုဏ်နဘေး၊ ထိုစေတီဘုရားတွင် ရှေးယခင်မှယခုချိန်ထိတိုင်အောင် မဟိဒ္ဓိ၊ သိဒ္ဓိ ပုဂ္ဂိုလ်ကြီးများမှ အောင်မြေ အောင်ဓါတ်နင်းရာ အဓိဌာန်စခန်းအဖြစ် အောင်ဓါတ်ယူကြသော စခန်းတစ်ခုအဖြစ်ထင်းရှားသည်)
အဘသည် ၁၀နှစ်တိုင် ကပ်ညိလျှက်ရှိသော ချေးညှော်များကိုသန့်ရှင်းစေရန် ရေချိုးခြင်းမဟုတ်ပဲ ၁၃၀၀ ခုနှစ်မှ စ၍တွေ့ကြုံခံစားနေရသော မြန်မာပြည်တွင်းမကောင်းမှုဟူသမျှကင်းရှင်းစေရန် စီမံဆောင်ရွက်ခြင်းဖြစ်ပေသည်။ ဗောဓိပင်အောက် မှ နေ၍ ဗောဓိအောင်မြေကို ပေးလိုက်ခြင်းသည်လည်း မြန်စွာဘုရား၏ သာသနာတည်တန့် တိုးတက်ပြန့်ပွားစေရန်ဆောင်ရွက်ခြင်းဖြစ်ပေသည်။
ဤသည်တို့ကိုအကြောင်းပြု၍ အဘ၏ ရင်ဝယ်ပိုက်သား ဦးစံဖေ နှင် ပုပ္ပါး တောင်ကလာပ် ကုမာရာ ရာမ ကျောင်းတိုက်ဆရာတော် ဦးပညာသာမိတို့မှ ပုပ္ပားေတာင်ကလာပ်တွင် အဘ၏ စီမံဓါတ်ဆင်သည်ကိုအကြောင်းပြု၍ ဝေနေယျအများ ဘေးဘယာဝေကွာစေခြင်းအလို့ငှာ တော်သလင်းလပြည့်ကျော် ၁၀ ရက်နေ့တိုင်းတွင် အဘ၏ကိုယ်ပွားရုပ်ပွားတော်အား ရေသန့်စင်ခြင် ရေချိုးပေးခြင်းအမှု့ကိုပြုလုပ်လေ့ရှိကြပါတယ်။
ဖတ် မှတ် နာကြားရသမျှ မျှဝေ သုတ
ဝိဇ္ဇာဓရ ပုပ္ပါးတောင်ကလာပ်
Credit : အဘဦးစံဖေ ( ပုပ္ပါးတောင်ကလာပ်)














