← Phenomena

မြန်မာ့ ဝိဇ္ဇာ (Weikza) များ၏ လျှို့ဝှက်ဆန်းကြယ်မှု

A devotee·9/25/2026·1

ထာဝရအသက်ရှင်နေတယ်လို့ ယုံကြည်ရတဲ့ မြန်မာ့ ထွက်ရပ်ပေါက် ဝိဇ္ဇာတွေဟာ တကယ်ပဲ တည်ရှိနေသေးသလား? ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် စတဲ့ ဝိဇ္ဇာကြီးတွေဟာ သာမန်လူတွေ မလုပ်နိုင်တဲ့ တန်ခိုးတွေ ဖန်တီးနိုင်ပြီး အချိန်ကာလကို ကျော်လွန်နေထိုင်နိုင်တယ်လို့ ယုံကြည်သူ အများအပြားရှိကြပါတယ်။

သူတို့ဟာ တောတောင်တွေ၊ လှိုဏ်ဂူတွေထဲမှာ တရားကျင့်ကြံရင်း သာသနာကို စောင့်ရှောက်နေကြတယ်လို့ ဆိုကြပါတယ်။ တစ်ခါတရံမှာ လူ့ဘောင်လောကထဲကို ရုပ်ဖျက်ပြီး ဝင်ရောက်လာတတ်ပြီး ကူညီမှုတွေ ပေးလေ့ရှိတယ်လို့လည်း ပြောစမှတ် ရှိကြပါတယ်။

သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဝိဇ္ဇာပညာရပ်ဟာ မြန်မာ့ယဉ်ကျေးမှုမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေဆဲပါ။ မိတ်ဆွေရော ဒီလိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေ တကယ်ရှိတယ်လို့ ယုံကြည်ပါသလား? မိတ်ဆွေမှာ ဒီလိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖူးတာကြုံဖူးတာရှိရင်လည်းcomment မှာ အတွေ့အကြုံလေးတွေရေးပေးခဲ့လို့ရပါတယ်ဗျ

😊