သိုက်ဆက် (သို့) သိုက်အကြောင်းသိလိုသူများ

သိုက်ဆက် (သို့) သိုက် အကြောင်းသိလိုသူများ
သိုက်အကြောင်းသိလိုသူများအတွက်မေတ္တာစေတနာတရားများထားပြီးခက်ခဲနက်နဲသောမမြင်ရသောအကြောင်းတရားများကိုသိစေရန်အတွက်သာရေးသားထားခြင်းဖြစ်ပါသည်
သိုက်ကနေ လူ ဖြစ်လာလျှင်သာသနာပြုကိစ္စရပ်များနှင့် အလှုဒါနများပြုလုပ်ရန်အဓိကဖြစ်ပါတယ်။သိုက်နှင့်ပက်သက်သော အဆက်အနွယ်များကို ယေဘုယျအားဖြင့် (၃ )မျိုးခွဲထားပါတယ်။
၁။ သိုက်ဆက်
၂။ ဘဝဆက်
၃။ ပဌာန်ုးဆက်
၁။ သိုက်ဆက်
သိုက်ဆက်ဆိုတာ သိုက်ကနေ ချက်ချင်းလူလာဖြစ်တာပါ။ သိုက်နှင့်အနီးစပ်ဆုံး လူမျိုး။(တချို့ဆို သိုက်မှာရှိတဲ့ရုပ်နဲ့တောင် အတော်တူကြပါတယ်)
၂။ ဘဝဆက်
ဘဝဆက်ဆိုတာ သိုက်ကနေလာပြီး ကောင်းမှုကုသိုလ်များများလုပ်လို့သိုက်ကို မပြန်ရဘဲ လူ ဆက်ဖြစ်တာ နှင့် ဘဝတခုမှာ သိုက်နန်းရှင် လူဖြစ်တဲ့အချိန်မှာ ကူညီပေးခဲ့တဲ့လူ တနည်းအားဖြင့်
သိုက်က ဆက်သွယ်လို့့ရတဲ့လူမျိုး။ သိုက်ဆက်များကို လူ့ပြည်တွင် မွေးဖွားပြီး ခေါ်ဆောင်ပေးရသော သံတမန် များဟုခေါ်လို့ရသည်။
၃။ ပဌာန်းဆက်
ပဌာန်းဆက်ဆိုတာ မိသားစုတခုမှာ အဖေ၊အမေ၊ အမ၊အကို၊ညီ၊ညီမ စသဖြင့် တော်စပ်ဖူးသဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ပေးရန် အလို့ဌာသိုက်များမှ ပြန်လည်ဆက်သွယ်လို့ရသောလူမျိုး။…………………ဆိုပြီး ၃ မျိုး ရှိပါတယ်။
အထူးသဖြင့်
သိုက်ဆက်များ၏ အိမ်ထောင်ပြုခြင်းများကို သက်ဆိုင်ရာသိုက်ချုပ် သိုက်နန်းရှင်များ၏ခွင့်ပြုမှုဖြင့် ရယူပေးထားတာပိုမိုကောင်းပါတယ်။ သက်ဆိုင်ရာအကြီးအကဲများကိုအသိမပေး ခွင်ပြုချက်မရဘဲစောစီးစွာ အိမ်ထောင်ပြု လို့့မသင့်တော်ပါ။
ပြုမိပါက ခလေးရပီး အိမ်ထောင်ကွဲလျှင်သော် ၎င်း၊ လူမှုစီးပွားပျက်ပြားခြင်းဖြင့်၎င်း၊ အိမ်ထောင်ပျက်စီးတတ်ပါတယ်။ (အခြားရေးသားလို့မကောင်းတဲအချက်တွေလည်းရှိပါသေးတယ်)ချွင်းချက်အနေနဲ့သိုက်တူသူများသည်စောစီးစွာ အိမ်ထောင်ပြုခွင့်ရှိပါသည်။
နောင်ပွင့်တော်မူမည့် မေတ္တယျမြတ်စွာဘုရား အား ဖူးတွေ့နိုင်ရန် မြတ်သောအကျင့်သီလ ဆောက်တည်ပီး နေကြသောရည်မှန်းချက်တူသော ဆုပန်ထားကြသူများ ဖြစ်ကြသောကြောင့်ပါ………သိုက်နန်းများမှ လာပြီး လူ့ဘဝ လာခြင်းသည် သာသနာပြု ရင်းကုသိုလ်တရားများလာစုနေကြခြင်းပါ။
သိုက်မှာ ကျန်ခဲ့တဲ့ အဖော်တွေက လူဖြစ်နေတဲ့ အဖော်ဆီက ကုသိုလ်အမျှတန်းပေးဝြေခင်းကိုစောင့်မျှော်နေတဲ့သူတွေပါ။ သိုက်ဆက်များကို သိုက်ကလာကြောင်းသိစေလိုလျှင် ၁၃ နှစ်ကနေ ၂၃ နှစ်အတွင်း အိပ်မက်သော်၎င်း၊ ဆရာများနှင့်သော်၎င်း၊ ရအောင်ဆက်သွယ်တတ်ကြပါတယ်။
မိမိကိုယ်တိုင်လည်းသိနိုင်ပါတယ်။နိဂုံးချုပ်ပြောကြားလိူသည်မှာမိမိသည်အမှန်တကယ် သိုက်ဆက်မှန်ုးသိလျှင် သိုက်ဆက်ဖြစ်ခဲ့လျှင်အလှူတန်းများများလုပ်ပါ။အလှူရေစက်လက်နဲ့မကွာပြုလုပ်ပီးဘဝဟောင်းကဆွေမျိုးများအားကုသိုလ်အမျှပေးဝေပေးပါ။
မလိုအပ်ဘဲသိုက်ကြိုးမဖြတ်သင့်ပါ။ (နေရာတကာဟိုပူးဒီပူးမလုပ်သင့်ပါ )နေ့စဉ်မေတ္တာပို့ ကုသိုလ်ပြုအမျှပေးဝေပေးပါ။
မိတ်ဆွေများအနေဖြင့်သိုက်နန်းရှင်များ ကိုယ်ထင်ပြလျှငလည်းကောင်း အိပ်မက်ပေးလျှင်လည်းကောင်း ဝင်ပူးခဲ့လျှင်လည်းကောင်း ကြောက်စရာမလိုအပ်ပါ။အကူညီပေးချင်လို့အလှူလိုချင်လို့ လူတွေအနားမှာသူတို့ခေတ္တနေတာပါ။
သူတို့သည်အမြဲတမ်းမပူးကပ်ပါ။ စိတ်ထဲမှာ ဘုရားတရား ကုသိုလ် အမြဲလုပ်ချင်နေအောင်သတိပေးနေတာပါ။သိုက်က ပြန်ခေါ်တယ်ဆိုတာ ကတိသစ္စာမတည်သူ ဘုရားတရားမမြဲ၊ ၅ ပါးသီလမလုံခြုံ (သူတပါးဘဝတွေဖျက်ဆီး)ကတိအမြဲလိုလို ချိုးဖောက်နေသူများသာ ပြန်ခေါ်တာပါ။
တကယ်အေရးကြီးတာ သီလမြဲပြီးအလှူဒါန မြဲမြံစွာ ပုံမှန်လေးလုပ်ပါ။ တချို့က ၁ နှစ် ၁ကြိမ် စိတ်ကူးပေါက်မှသာ အလှူတန်းလုပ်ကြပါတယ်။ ၁၀၀ လှူသည်ဖြစ်စေ၊၁၀၀၀ လှူသည်ဖြစ်စေ အမြဲတန်းလှူတန်းပေးနေပီး သိုက်များအား ကုသိုလ်အမျှပေးဝေသင့်ပါသည်။
သမထဝိပဿနာ၊ ပုတီးစိပ်ခြင်းများများလုပ်ပါ။၅ မိနစ်ထိုင်သည်ဖြစ်စေ၊ ၁၀ မိနစ် ထိုင်သည်ဖြစ်စေ အချိန်သတ်မှတ်ပြီးထိုင်တာထက် စိတ်တည်ငြိမ်မှုကဘဲ အဓိကပါ။ နှလုံးသားထဲမှာဘုရားတည်ပါ။
ဒါလေးတွေမှန်မှန်လေးလုပ်နေပးနေမယ်ဆိုရင်စိတ်သည် အေးချမ်းမှု ရှိနေပါလိမ့်မယ်။ချွင်းချက် အနေနဲ့ကတော့ ဆိုင်းသံ၊ ဗုံသံ ကြားလျှင် စိတ်ထဲငိုချင်သလို ဖြစ်လာတာက ဘဝဟောင်းက အဖော်တွေက သူတို့ကို သိစေချင်တဲ့စိတ်လေးနဲ့ကုသိုလ်အမျှပေးဝေပေးဖို့သတိရစေရန်ခေတ္တ ခနပူးကပ်လာတတ်တဲ့သဘောပါ အသိပေးတာပါသူတို့အတွက်အလှုဒါနပြုပေးဖို့ပါ”………
လူဖြစ်ရတဲ့ရည်ရွယ်ချက်က ကုသိုလ်တရားတွေများများပြုဖို့ပါဘဲ…………၇ ရက်သားသမီးအပေါင်းချမ်းသာသုခရရှိကြပါစေစီးပွားဥစ္စာများဒီရေအလားတိုးတက်ကြပါစေ။
မေတ္တာစေတနာများစွာဖြင့် ဆရာကျော်ဇေယျအောင်
ပြန်လည်ကူးယူဖော်ပြခြင်း













