← All kinds of secular matters

"စိတ်ကြည်လင်မှုဆိုတာ..."

A devotee·9/24/2026·3

ပြုံးပြီး သည်းခံလိုက်တာက

ဘုရားဟောထားတဲ့ ဝဋ်ဆိုတဲ့ စကားလုံးကို

ယုံကြည်ထားလို့ပဲ။

ကိုယ်က သူများကို ပါးစပ်စည်းမစောင့်ပဲ

ထိခိုက်နစ်နာအောင်ပြောရင် ကိုယ်လည်း တစ်နေ့နေ့ ကိုယ်ပြောခဲ့တဲ့အတိုင်း ပြန်ပြောခံရမှာပဲ။

စိတ်ဆိုတာက အင်မတန်မှ နူးညံ့တယ်။

နည်းနည်းလေး အညစ်အကြေးစွန်းထင်းသွားရုံနဲ့ အာရုံတွေ ထွေပြားသောကများစေတတ်တယ်။

သူတပါးကြောင့် ကိုယ့်စိတ် မညစ်နွမ်းရအောင်

ဂရုစိုက်ရမယ်။

ကိုယ်က ကိုယ်ချင်းစာစိတ်မထားပဲ သူများကို

ထိခိုက်နစ်နာအောင်လုပ်ရင် ကိုယ့်အလှည့်ကျ

ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ထက် ပိုပြီး ပြန်ခံရလိမ့်မယ်။

အတင်းဖြူစင်ပြနေလည်း

ကိုယ့်စကားနဲ့ကိုယ့်လုပ်ရပ်က

ကိုယ့်နောက်ကပ်ပါပြီးသားပါ။

ဘယ်သူ့ကိုမှ အမုန်းတရားတွေနဲ့

ပြန်ပြီး တုံ့ပြန်စရာမလိုဘူး။

သူ့ အကုသိုလ်နဲ့သူသွားလိမ့်မယ်။

စိတ်လေးကို ကြည်နေအောင်ထားပါ။

သန့်နေအောင်ထားပါ။

#ဇကွဲလဇ္ဇင်