← Meditating & Taking Vows

"ကံချေဆုတောင်း အဓိဋ္ဌာန်"

A devotee·9/24/2026·1

"ကံချေဆုတောင်း အဓိဋ္ဌာန်"

နေ့စဉ်ဘုရားရှိခိုးပြီးတိုင်း ဆုတောင်းအဓိဋ္ဌာန်ဆောင်ရွက်နိုင်ပါသည်။

နေ့စဉ်ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် ဘဝဆက်ဆက် ပေးဆပ်ရမည့် ကံအကြွေးများ၊ ကျိန်စာများ၊ အကုသိုလ်ဝဋ်ကြွေးများ တစ်ဖြည်းဖြည်းလေျာ့နည်း ပျောက်ကွယ်လာပြီး ကုသိုလ်တရားများ ရရှိလာမည့် ဆုတောင်းအဓိဋ္ဌာန်တော်ကြီး ဖြစ်ပါသည်။

" ဘုန်းတော် အနန္တ ကံတော်အနန္တ ဥာဏ်တော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှတန်ခိုးတော် အနန္တနှင့် ပြည့်ဝဥဿုံ ကမ္ဘာခြုံလျက် သုံးဘုံလောက တုမရသား လူ့ဘထွဋ်ထား ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်သည် ဘဝဘဝ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်း များစွာတို့မှစ၍ ယခု ပစ္စပ္ပန်ကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော် ကိုယ်၌ ကလိုလိုလားလား ဆိုထားခဲ့ဘူးသော ကျိမ်စာမှန်သမျှတို့သည် လည်းကောင်း တပါးသောသူတို့က ဘုရားတပည့်တော်အား တိုက်ရိုက်ပေးအပ်ထားခြင်း ပြုထားသာ ကျိန်စာမှန်သမျှတို့သည် လည်းကောင်း ကျိန်စာဟူသမျှတို့သည် ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍ ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည် မတည်ခဏ ရွေ့လျောကျ သကဲ့သို့ ပျောက်ပ ကင်းကွာ စင်ကြယ်ရသည့် ကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား"

"ဘုန်းတော် အနန္တ ကံတော်အနန္တ ဥာဏ်တော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းးကျိုးမျှတန်ခိုးတော် အနန္တနှင့် ပြည့်ဥဿုံ ကမ္ဘာခြုံလျက် သုံးဘုံလောက တုမရသား လူ့ဘထွဋ်ထား ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်သည် ဘဝဘဝ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်း များစွာတို့မှစ၍ ယခု ပစ္စပ္ပန်ကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော် အမှတ်တမဲ့ ပြောမှားမိခဲ့သော အမှန်တမဲ့ ဆိုမှားမိခဲ့သော အမှတ်တမဲ့ ပြာဆိုမှားခဲ့မိသော အပြစ်ဒေါသနှင့် ယှဉ်သာ မကောင်းသောစကား အနိဌာရုံ အမှားများ သင့်ခြင်းအားလုံး တို့သည် ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍ ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည် မတည်ခဏ ရွေ့လျောကျ သကဲ့သို့ ပျောက်ပ ကင်းကွာ စင်ကြယ်ရသည့် ကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား"

" ဘုန်းတော် အနန္တ ကံတော်အနန္တ ဥာဏ်တော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းးကျိုးမျှတန်ခိုးတော် အနန္တနှင့် ပြည့်ဥဿုံ ကမ္ဘာခြုံလျက် သုံးဘုံလောက တုမရသား လူ့ဘထွဋ်ထား ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်သည် ဘဝဘဝ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်း များစွာတို့မှစ၍ ယခု ပစ္စက္ခကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော် မသိမိုက်မဲ၍ ရတနာမြတ်သုံးပါး မိဘနှင့်ဆရာသမားဟူသော အနန္တောအနန္တငါးပါးတို့အား အနန္တဂုဏ်တော်ရှင်တို့အား ခင်ပွန်းကြီးဆယ်ပါးတို့အား ထေရီထေရော မြတ်သံဃာတို့အားရသေ့ သူတော်စင်သူတော်ကောင်း ပရဗိုဒ်များနှင့်တကွ ရသေ့မ သူတော်စင်သူတောကောင်း ပရဗိုဒ်မတို့နှင့် သီလရှင် အစရှိသောပုဂ္ဂိုလ်အပေါင်း သူတော်ကောင်းတို့အား အဘိုးအဘွား လူကြီးသူမတို့အား မိကြီးမိလေး ဦးကြီးဦးလေး ဘကြီးဘထွေး အစ်ကိုကြီး အစ်ကိုလတ် အစ်ကိုလေး အစ်မကြီး အစ်မလတ် အစ်မလေး အစရှိသောပုဂ္ဂိုလ်အပေါင်းတို့အား ဂိုဏ်းရှင်ဂိုဏ်းဝင် အရိယာသူတော်စင် သူတော်ကောင်း သူမြတ်လောင်း ပုဂ္ဂိုလ်အပေါင်းတို့အား ဗြဟ္မာမင်း သကြားမင်း နတ်မင်းကြီးများနှင့်တကွ အဌာရသ သိပ္ပအရာ၌ တက်မြောက်တော်မူကြပေကုန်သော ဆရာကြီးများနှင့်ဝိဇ္ဇာဇော်ဂျီ တပဿီ ပုဂ္ဂိုလ်အပေါင်း ဆရာကောင်းတို့အား ကာယကံဖြင့် လည်းကောင်း ဝဇီကံဖြင့်လည်းကောင်း မနောကံဖြင့်လည်းကောင်း ပြစ်မှားမိပါက ၄င်း အပြစ်ဒေါသဟူသမျှတို့ကို ဘုရားတပည့်တော် ရိုသေစွာတောင်းပန်ပါ၏ ထိုအပြစ်တို့မှ ဘုရားတပည့်တော်အား သည်းခံ ကြေအေး အခွင့်ပေးတော်မူကြပါကုန်ဘုရား "

"ယနေ့ယခု ဤအချိန် ဤအခါ ဤသမယမှစ၍ ဘုရားတပည့်တော်၏ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနတို့မှ လုံးဝဥဿုံ ပဒုမ္မာရွက် ပိန်းကြာဖက်၌ ရေစက်နှင်းရည် မတည်ခဏ ရွေ့လျောကျ သကဲ့သို့ ပျောက်ပ ကင်းကွာ စင်ကြယ်ရသည့် ကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။"

🙏သာဓု သာဓု သာဓု🙏